ကျေးဇူးသိတတ်ခြင်း၌ ကြီးထွားခြင်း
ကျေးဇူးသိတတ်သိစိတ် တိုးပွားလာအောင် သင်ပြုစုပျိုးထောင်လိုပါသလား။ ၁၇ ရာစုနှစ် ဗြိတိသျှကဗျာဆရာ ဂျော့ရှ် ဟားဘတ်က ‘‘Gratefulness’’ အမည်ရှိ သူ၏ကဗျာ၌ စာဖတ်သူများကို ထိုပန်းတိုင်သို့ ဦးတည်သွားရန် အားပေးတိုက်တွန်းထားသည်။ ‘‘ကျွန်ုပ် အတွက် မြောက်မြားကောင်းချီး ကိုယ်တော်ပေးသည်၊ နောက်ထပ်တစ်ခု ပေးသနားမူပါ။ ကျေးဇူးသိတတ်သည့် နှလုံးသားပေးပါ’’။
သူ့အား ဘုရားသခင်ပေးထားသည့် ကောင်းချီး များကို သိမှတ်ခြင်းသည် ကျေးဇူးတင်တတ်သူဖြစ်စေသည့် တစ်ခုတည်းသောလိုအပ်ချက်ဟု ဟားဘတ် သိသည်။
သခင်ယေရှုခရစ်တော်သည် ခပ်သိမ်းသော မင်္ဂလာ ကောင်းချီးများ၏ အရင်းအမြစ်ဖြစ်ကြောင်း ကျမ်းစာမှ ဖော်ပြ သည်။ ရောမ ၁၁း၃၆ ၌ ‘‘ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲကလည်းကောင်း၊ ကိုယ်တော်အားဖြင့် လည်းကောင်း၊ ကိုယ်တော်အဘို့အလိုငှာလည်းကောင်း ဖြစ်ကြ၏’’ ဟု ဆိုထားသည်။ ‘‘ခပ်သိမ်းသောအရာ’’ ဟုဆိုရာ၌ ကျွန်ုပ်တို့အသက်တာ၌ နေ့စဉ်ရရှိသည့် ပိုလျှံသည့်အရာ၊ သိပ်မလိုအပ်သည့်အရာ နှစ်ခုလုံး ပါဝင်သည်။ အသက်တာ၌ ကျွန်ုပ်တို့…